ညစဉ် ညတိုင်း
သတိယနေတာ စိုစွတ်သော မင်းလေးရဲ့ နှုတ်ခမ်း။
အိပ်မက် မက်တိုင်း
ရောက်ရောက်လာတာ မဝေးသေးသော အေပရယ်ရဲ့ ဇာတ်လမ်း။
နာရီ လက်တံ လှုပ်ရှားလေတိုင်း
ဆောက်တည်ရာမရ လွမ်းကာနေရတဲ့ ငါ့ရင်ခုန်သော အသံလှိုင်း။
အတွေးတစ်ခု အသိစိတ်ကို ပုတ်ခတ်လေတိုင်း
အရောက်ဝင်လာတာ ငါတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ရမဲ့ အနာဂတ်ဇာတ်လမ်းအပိုင်း။
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment