ချစ်သူက အဝေး
ဆောင်းလေက အေး၊
ချစ်သူ မရှိတဲ့ ဒီည၊
အအေး မိမလား ထင်ရ၊
ချမ်းစိမ့်စိမ့် ညချမ်း
ချစ်သူကို ကြိတ်ကာလွမ်း။
သန်းခေါင်ကျော် အချမ်းက နှိပ်စက်၊
ငါ့ ရင်မှာလေ အအေးပတ်။
အော် ချစ်သူရယ် ...
ရင်ခွင်မဲ့ ဆောင်းညတွေ ဘယ်တော့ ကုန်ဆုံးစေမလဲ၊
မင်း ဘယ်တော့မှာ ငါ့ရင်ကို နွေးစေနိုင်မလဲ။
Wednesday, November 18, 2009
Subscribe to:
Posts (Atom)



